【いわきワイナリー収穫.感謝祭】Iwaki Winery Harvest Festival

DATE 2019-10-25

日本語は下です。
(Unicoad)
2019.10.19
အိဝကီမြို့ yoshimamachi မှာရှိတဲ့ iwaki winery မှာ iwaki winery harvest festival ကျင်းပခဲ့ပါတယ်။အဲဒီမှာ ကျွန်တော်တို့ Global Network Plus အဖွဲ့ဝင်မြန်မာနှစ်ယောက်က လုပ်အားပေးဝ်န်ထမ်းအဖြင့် ပါဝင်ကူညီခဲ့ပါတယ်။ဒီပွဲမှာအိဝကီမြို့မှာ ထုတ်လုပ်တဲ့ ဝိုင်ကိုရောင်းချခြင်းအပြင်၊အခြားသောစားစရာဆိုင်တွေလည်းရှိခဲ့ပါတယ်။သဘာဝအလှကိုကြည့်ရင်းဝိုင်သုံးဆောင်နိုင်ပြီး၊ပျော်ရွှင်စရာကောင်းတဲ့ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။လာရောက်ကြတဲ့ဧည့်သည်တွေလည်းများပြီးစည်စည်ကားကားရှိခဲ့ပါတယ်။ကျွန်တော်ကတော့ ဝိုင်ဂိုဒေါင်နဲ့ဝိုင်ထုတ်လုပ်တဲ့နေရာကိုကြည့်ရှု့လေ့လာခဲ့ပါတယ်။ iwaki winery ဟာဆိုရင် မသန်စွမ်းသူတွေလည်းပဲအတူတူအလုပ်လုပ်နိုင်ရန်(အလုပ်ပေးခြင်း)လုပ်ငန်းနေရာကိုအကောင်အထည်ဖော်ရန်ရည်ရွယ်၍2015ခုနှစ်ကတည်းက ဝိုင်ထုတ်လုပ်မှုကိုစတင်ခဲ့တာဖြစ်ပါတယ်။ အီဝကီမှာစိုက်ပျိုးရရှိတဲ့ စပြစ်သီးအပြင်၊အခြားဒေသက စပြစ်သီးကိုလည်းအသုံးပြုပြီး၊ဝိုင်ဖြူ၊ဝိုင်နီ၊ သစ်တော်သီး Sparkling Wine ၊အမျိုးအစားမတူညီတဲ့အမျိုးမျိုးသောဝိုင်များကိုထုတ်လုပ်ပါတယ်။အဒီနောက်၊ ပွဲစီစဉ်ဆောင်ရွက်သူတွေနဲ့အပြန်အလှန်စကားပြောဆိုနိုင်ခဲ့ပြီး၊ပျော်စရာကောင်းတဲ့ရက်တစ်ရက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့အတွေ့အကြုံကောင်း လည်းဖြစ်ခဲ့ပါတယ်။
taiyouLin
2019.10.19
いわき市好間町にあるいわきワイナリー(Iwaki Winery)で、「いわきワイナリー収穫感謝祭」が行われました。そこへ、私たち、Global Network Plusのメンバー2人(ミャンマー人)がボランティアスタッフとして参加しました。
この収穫感謝祭(19日.20日)は、いわき市で製造されたワイン販売の他、いろいろな食べ物の売店もありました。美しい自然を見ながらワインを飲め、楽しい収穫祭でした。来てくださったお客さまも大勢で賑やかでした。
私はワインの倉庫やワイン製造所も見学しました。いわきワイナリーは、障害者も共に働く場の実現をめざし、2015年から製造を開始したそうです。ワインはいわきで栽培されたぶどう、または福島県外からのぶとうも使い、白ワイン、赤ワイン、梨のスパークリングワイン、様々な種類のワインを製造しているそうです。
その後関係者の方々とお話しをする事もでき、楽しい一日でした。私にとって良い経験となりました。
taiyouLin